
IBFT
“IBFT (Inter Bank Fund Transfer)” ဆိုသည်မှာ မတူညီသော ဘဏ် (၂)ခု အကြား MPU ကတ်ဖြင့် ဘဏ်တစ်ခုခု၏ ATM စက်ကိုသုံး၍ မတူညီသောဘဏ်၏ MPU Card Account (သို့မဟုတ်) Bank Account သို့ အချိန်မရွေး လွယ်ကူလျင်မြန်စွာ စာရင်းလွှဲပြောင်းဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။ ယခင်က MPU ကတ် သုံးစွဲသူများအနေဖြင့် ATM စက်များတွင် ငွေထုတ်ခြင်း (ATM Withdrawal) ၊ Bank Account တူညီသော ဘဏ်တစ်ခုတည်း အတွင်း၌သာ MPU ကတ် အချင်းချင်းသို့ စာရင်းလွှဲပြောင်းခြင်း (Account Transfer) ၊ PIN နံပါတ်ပြောင်းလဲခြင်း စသည့် ဝန်ဆောင်မှုများကိုသာ ပြုလုပ်နိုင်ခဲ့ကြပါသည်။ ယခုအချိန်တွင် MPU Card ကိုင်ဆောင်သူများအနေဖြင့် နည်းပညာသစ်ဖြင့် IBFT(Inter Bank Fund Transfer) ဝန်ဆောင်မှုကို အသုံးပြုပြီး မတူညီသောဘဏ်(၂)ခုတွင် ATM စက်ကို အသုံးပြုကာ ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မှုကို ရယူနိုင်ပြီဖြစ်ပါသည်။သို့ဖြစ်၍ ဘဏ်ဖွင့်ချိန်ထိစောင့်ဆိုင်းရန်မလို၊ဘဏ်သို့လည်းတကူးတက သွားရောက်ရန်မလိုအပ် တော့ဘဲ နေရာမရွေး၊ အချိန်မရွေး မိမိလုပ်ဆောင်ရန်ရှိသော ကိစ္စရပ်များကို MPU Logo ပါသော ကတ်များကို အသုံးပြု၍ အဖွဲ့ဝင်ဘဏ်များ၏ ATM မှ တဆင့် စာရင်းလွှဲပြောင်း ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ အဆိုပါ IBFT ဝန်ဆောင်မှုကို အသုံးပြုရာတွင်လည်း ဝန်ဆောင်ခအနေဖြင့် ငွေလွှဲခပုံသေနှုန်းထား ၂၀၀ ကျပ်နှင့် ငွေလွှဲမည့်ပမာဏ၏ ၀.၀၅% သာကျသင့်မည်ဖြစ်ပြီး တစ်နေ့လျှင် အများဆုံး ငွေပမာဏ ကျပ်သိန်းတစ်ရာအထိ လွှဲပြောင်းနိုင်မှာဖြစ်ပါသည်။